Loading...
You are Meeting With C-017 in some time

Choose Your Counsellor

60,000 MMK



C-017 Bachelor
Anxiety, Depression, Trauma, Stress Management, Psychosocial Support, Coping Skills, Well-being
Languages: English & Burmese
Experience of the Expertise Field:
စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျဆင်းမှုနှင့် Trauma အပါအဝင် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသူများအား တစ်ဦးချင်း Counseling နှင့် Psychosocial Support များ ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် Trauma နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသူများ၊ လူငယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ Human Rights Defenders (HRDs) နှင့် တက်ကြွလှုပ်ရှားသူများအား စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးခဲ့သည့် အတွေ့အကြုံရှိပါသည်။ စိတ်ကျန်းမာရေး၊ Trauma နှင့် Coping Skills ဆိုင်ရာ Webinar နှင့် Workshop များကိုလည်း ဦးဆောင်ပို့ချပေးခဲ့ပါသည်။
Therapy:
Counseling ပြုလုပ်ရာတွင် Person-Centered Approach နှင့် Trauma-Informed Approach တို့ကို အဓိကထားအသုံးပြုပြီး Client တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် အခြေအနေအပေါ် မူတည်၍ သင့်လျော်သော Counseling Techniques များကို ပေါင်းစပ်အသုံးပြုပါသည်။ Client များအနေဖြင့် မိမိတို့၏ စိတ်ခံစားချက်များနှင့် အခက်အခဲများကို လုံခြုံစွာ ဖော်ပြနိုင်ပြီး မိမိတွင်ရှိသော အားသာချက်များနှင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းများကို ရှာဖွေနိုင်ရန် စာနာနားလည်မှုရှိပြီး ဝေဖန်ဆုံးဖြတ်ခြင်းကင်းသော Counseling Environment တစ်ခု ဖန်တီးပေးခြင်းကို အလေးထားပါသည်။
Education Experience (or) Volunteer Experience:
ဆရာမသည် University of Yangon မှ B.A. (Honours) in Psychology ဘွဲ့ရရှိထားပြီး Chiang Mai University တွင် M.Sc. (Mental Health) ကို ပြီးမြောက်ထားပါသည်။ စိတ်ကျန်းမာရေးနှင့် Psychosocial Support လုပ်ငန်းများတွင် ၅ နှစ်ခန့် အတွေ့အကြုံရှိပြီး Mental Health Practitioner အဖြစ် တစ်ဦးချင်း Counseling၊ Group Facilitation နှင့် Mental Health Education လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
Showing 1 of 4

Online Counseling Individual Session

3 Sessions (Once a week within 6 weeks)

1. Explore Session
2. Goal Setting Session
3. Follow Up

180,000
162,000